Friday, 13 January 2012

သူသိဖို့

ကျွန်တော့် အသံကျွန်တော်ပြန်ကြားသည်
သို့သော် မကြားရ ရင်ခွန်သံမြန်နေသည်
အလွမ်းကြောင့် ဖြစ်မည်ထင်သည်
အသံမထွက်ပဲ ငိုသည် သူသိမည်မထင်
ငိုပါများတော့ရင်နာသည် ဘယ်သူမှမသိ
ကိုယ့်ကိုကိုယ်သိသည်
အိမ်မက်ကနိုးသည် ရေဆာသည်
ရေကြည်တပေါက်မျှမရှိ ကမ္ဘာလောကကြီး
လောင်မီးကြနေသည်
ရင်တခုလုံးလာင်နေမှတော့ အရာအားလုံးလောင်ပြီးသားပေါ့
နှာမွှန်သည် ဆေးမရှိ
လွမ်းသည် ဆေးမရှိ
ငါ့ကိုယ်ငါ သိသည်
ငါ့ကိုယ်ငါ မသိ
ဘာမှမသိချင်းသည် ငါသိသလိုရှိ၏
အရာအားလုံးစွန့်လွှတ်ရရင်တောင်
သူ့ကိုလွမ်းနေခွင့် ငါပိုင်သည်
အရာအားလုံးမေ့ပြီင်္း ငါ့ကိုယ်ငါမေ့တဲ့တစ်နေ့
မင်းကိုလဲငါမေ့မည် ဒါပဲငါသိသည်

0 comments:

Post a Comment

Previous Post Next Post Back to Top