Monday, 2 January 2012

အမေ့သားကြီး

နို့ချိုတိုက်ကျွေး ငယ်ငယ်လေးက
ဒီနေ့ဒီရက် သားကြီးတစ်သက်
မေမေတော်တော်ပင်ပန်းခဲ့ရပြီ
အမေမျှော်မှန်းတဲ့သားကြီး
ဒီနေ့ထိ မဖြစ်သေးဘူး 
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
သွားလာလိုက်တာ ဘဝခရီးလဲ
တော်တော်ပေါက်ခဲ့ပြီ 
ခုထိ ယောနိသောမနသီကာရ
အတွေးနဲ့ကို မရသေးဘူး 
ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ
အဲစကားနားရောက် ကြောက်ခဲ့ရတဲ့နေ့လဲရှိ
တရွာမပြောင်း သူကောင်းမဖြစ် 
အဲစကားနားရောက် ပြောင်းခဲ့ရတဲ့နေ့လဲရှိ
ခုထိတော့ဘာမှမရေရာသေးဘူး
ဒီလိုနဲ့ပဲ ငါ့မြင်းငါစိုင်းနေမိ

 

0 comments:

Post a Comment

Previous Post Back to Top