Monday, 2 January 2012

ငါသေသွားသော်

ငါသေသွားသော် မသေခင်တော့
ပျော်အောင်နေစေ့ချင်တယ်လို့ 
မင်းကိုမှာခဲ့ချင်တယ် 
ငါသေသွားသော် ဘယ်သူ့မှ
မမြင်စေချင်တဲ့ငါ့ရုပ်လောင်းကို
ဘယ်လိုလုပ်ရပါ့
ငါသေသွားသော် နောင်ဘဝဆိုတာ
မရှိစေချင်တဲ့ ဆန္ဒကလဲရှိသေးတယ် 
ငါသေသွားသော် ကမ္ဘာကြီးကတော့
ငါ့ခန္ဓာကိုယ်ကို ထမ်းထားရတာ
သက်သာမှာပေါ့လေ

0 comments:

Post a Comment

Previous Post Next Post Back to Top