Thursday, 30 August 2012


ချစ်သူ

မျက်စိမှိတ်ထားပါလျက်
ကောင်းကင်ကို သတိရသည့်အခါ
တိမ်များကို မြင်နေရပါသည်။

အလွန်ဝေးကွာသည့် အရပ်သို့ ရောက်နေပါလျက်
ပင်လယ်ပြာကို စဉ်းစားမိသည့်အခါ
လှိုင်းပုတ်သံကို ကြားယောင်နေတတ်ပါသည်။

အခန်းကျဉ်းထဲမှာ အိပ်နေပါလျက်
ဥယျာဉ်ထဲသို့  စိတ်ရောက်သွားသည့်အခါ
နှင်းဆီရနံ့ ကို ခံစားရရှိနေတတ်ပြန်သည်။

သေဆုံးသည်အထိ
မှတ်မိကျွမ်းဝင်သွားစေမည့်အရာမှာ
(ငါ့)ချစ်သူသာဖြစ်ပါ၏။

မောင်စိန်ဝင်း(ပုတီးကုန်း)
ကိလေသာတရား၁၀ပါး
1။လောဘ=လိုချင်တပ်မက်မှု။
2။ဒေါသ=ကြမ်းတမ်းပြစ်မှားမှု။
၃။မောဟ=အမှန်မသိမြင် မိုက်မဲမှု။
၎။မာန=ထောင်လွှားတက်ကြွမှု။
၅။ဒိဌိ=အထင်မြင်လွဲမှားမှု။
၆။ဝိစိကိစ္ဆာ=အမှန်မဆုံးဖြတ်နိုင်ပဲ ယုံမှားမှု။
၇။ထိန=ပျင်းရိ ထိုင်းမှိုင်းလေးလံမှု။
၈။ဥဒ္ဓစ္စ=မငြိမ်မသက် လှုပ်ရှားပျံ့လွင့်မှု။
၉။အဟိရိက=မကောင်းမှုလုပ်ရန် မရှက်မှု။
၁၀။အနောတ္တပ္ပ=မကောင်းမှုဖြစ်မှာ မကြောက်မှု။

သံဝေဂလင်္ကာများ

(သံဝေဂလင်္ကာများ)
သုံးပါးရတနာ မြတ်ဆရာ လွန်စွာရှိခိုးကွယ်။

သုံးလူ့မြတ်စွာ ဘဂ၀ါ သေချာဟောခဲ့တယ်။
...
သတ္တ၀ါများ မသိညား ထင်ခြားပြလိုက်မယ်။

ဒုက္ခတွေ့ကြုံ သည်လူ့ဘုံ အကုန်စဉ်းစားကွယ်။

ကိုယ့်ကိုယ်ပဉ္စ လှချင်ကြ ဒုက္ခကြောင်းရင်းသွယ်။

ဝတ်ခါပြင်ဆင် လှပချင် သည်တွင်အစကွယ်။

တဏှာတောကြီး ဘေးရန်နီး အပြီးကြောက်စဖွယ်။

တဆာဗလာ ဒွါရယာ တဏှာပွားကြောင်းကွယ်။

ဝက်သားဆူဆူ ဆွမ်းဖြူဖြူ စားချင်သူများတယ်။

သနပ်ခါးထူထူ ပါးဖြူဖြူ နမ်းချင်သူများတယ်။

အိပ်ခါစားခါ နေရပါ လွန်စွာချမ်းသာတယ်။

နောင်ခါယွင်းယို သည်အပျို မှန်စွာအိုလိမ့်မယ်။

အိုသောအခါ ဗလချာ သူငါစက်ဆုပ်ဖွယ်။

သားတကောင်သာ ဖွားမြင်လာ ပမာမျောက်အိုနှယ်။

သည်လောက်ပြမှ မသိကျ ပိန်းလှချည်ရဲ့ကွယ်။

ခြေရိုးခေါင်းရိုး ရွံ့ဖွယ်ဆိုး ပုပ်သိုးမတင့်တယ်။

ဆံပင်ကဖြူ ချေးကထူ မြင်သူအော့ချင်ဖွယ်။

နံရိုးကျဲကျဲ သွားကျဲကျဲ သရဲမလိုကွယ်။

ခန္ဓဖြစ်စဉ် ဥာဏ်ချဲ့ထွင် သိမြင်ကြစေကွယ်။

ဥာဏ်ယှဉ်သတိ အမြဲရှိ ထွန်းသည့်သာသနာဝယ်။

(သတိသံဝေယူတတ်စေ)
အိုရမည့်ဘေး မရောက်သေး မျှော်တွေးကြောက်သင့်ဧ။်

ထိုကြောင့်ပင်လျှင် မအိုခင် ကြိုတင်ကောင်းမှုပြုရမည်..

နာရမည်ဘေး မရောက်သေး မျှော်တွေးကြောက်သင့်ဧ။်

ထိုကြောင့်ပင်လျှင် မနာခင် ကြိုတင်ကောင်းမှုပြုရမည်..

သေရမည့်ဘေး မရောက်သေး မျှော်တွေးကြောက်သင့်ဧ။်

ထိုကြောင့်ပင်လျှင် မသေခင် ကြိုတင်ကောင်းမှုပြုရမည်..

(မိတ်ဆွေတုလေးယောက်)
လက်ချည်းဗလာ အိမ်ရောက်ကာ ဥစ္စာယူမှု ခင်ပွန်းတု

အပြောချိုသာ လက်မပါ ဗလာပေးမှု ခင်ပွန်းတု

မျက်မှောက်ချစ်ဖွယ် စကားကြွယ် မျက်ကွယ်ပြစ်ရှု့ ခင်ပွန်းတု

ဥစ္စာများမြောင် ပျက်စီးအောင် သွေးဆောင်ပေါင်းမှု ခင်ပွန်းတု

(မိတ်ဆွေစစ်လေးယောက်)
ကျေးဇူးပြုတတ် စောင့်မလတ် ပေါင်းအပ်သင်းချစ် မိတ်ဆွေစစ်

အစဉ်သနား စောင့်ရှောက်ထား စီးပွားလိုနှစ် မိတ်ဆွေစစ်

ချမ်းသာဆင်းရဲ တူမကွဲ အမြဲပေါင်းချစ် မိတ်ဆွေစစ်

အကျိုးစီးပွား ညွှန်ပြကြား တရားမိန့်လှစ် မိတ်ဆွေစစ်

(မှတ်ချက်)
လောကအလယ်လူမှုနယ်မှာကျင်လယ်ရာဝယ်ပညာရှိမိတ်ဆွေစစ်များနှင့်သာ
ပေါင်းသင်းဆက်ဆံမှုပြုကျလျှက်မိမိသူတပါးအစဉ်ထာဝရချမ်းသာရေးကို
ဆောင်နိုင်ကြစေလို့ဆုတောင်ဆန္ဒပြုပရစေ....
" ဘယ်သူလှုပ်ချလိုက်သလဲ"
စိတ်ဆိုတာက
 ချရင် ကျမယ်
 မြှင့်ရင် မြင့်မယ်
 ဆန့်ရင် စန့်မယ်
 လွှတ်ရင် လွတ်မယ်
 မျှောရင် မျောမယ်
 မြှုပ်ရင် မြုပ်မယ် 
ဟုတ်တယ်နော်။ ဘာရယ်
 တကယ်တန်းကျတော့ 
 ခင်ဗျားဘဝကြီးနစ်မြုပ်ကျနေတာ
 လောကဓံက နှစ်မြှုပ်ချခဲ့လို့ ဟုတ်စ။ 
 လျှောက်ပြောမနေပါနဲ့ဗျာ 
ကိုယ့်ဘာသာနှိမ့်ချလို့ နိမ့်ကျနေတာ
 ကိုယ့်ဘာသာဖျက်ဆီးလို့ ပျက်စီးနေတာ
 ကိုယ့်ဘာသာဆုတ်ဖြဲလို့ 
 စုတ်ပြဲနေတာကိုများ 
သူခွဲံလို့ ငါကွဲတာ 
သူခြွေလို့ ငါကြွေ
 သူလှန်လို့ ငါလန်တာ
 သူညှပ်လို့ ငါညပ်တာ
 သူဖောက်လို့ ငါပေါက်တာဆိုတဲ့
 ဘောက်လုံးတွေလျှောက်သုံးမနေစမ်းပါနဲ့။ 
 ခင်ဗျားသာမာနေမယ်ဆိုရင်
 သူခွာတိုင်း ကွာပါ့မလား
 သူဖဲ့တိုင်း ပဲ့ပါ့မလား 
 သူဖျောက်တိုင်း ပျောက်ပါ့မလား
 သူချိုးတိုင်း ကျိုးပါ့မလား
 သူဖြတ်တိုင်း ပြတ်ပါ့မလား 
နပ်စမ်းပါကိုယ့်လူရာ
 နပ်မှနှပ်လို့ရမယ်ဆိုတာကလေးကတောင်သိသေး။

ကြိုက်လို့ကူးပြီးတင်ပါသည်(ရယ်စရာစာအုပ်မှဥက္ကာမင်းဆက်၏ကဗျာကို)

Friday, 9 March 2012



Monday, 27 February 2012

I MISS YOU

♥░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░♥ ♥░░░░░███░░░░░░██░██░███░░███░░███░░░░♥ ♥░░░░░░█░░░░░░░█░█░█░░█░░░█░░░░█░░░░░░♥ ♥░░░░░░█░░░░░░░█░░░█░░█░░░███░░███░░░░♥ ♥░░░░░░█░░░░░░░█░░░█░░█░░░░░█░░░░█░░░░♥ ♥░░░░░███░░░░░░█░░░█░███░░███░░███░░░░♥ ♥░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░♥ ♥░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░♥ ♥░░░░░░░░░░░█░░░█░░░██░░░█░░█░░░░░░░░░♥ ♥░░░░░░░░░░░░█░█░░░█░░█░░█░░█░░░░░░░░░♥ ♥░░░░░░░░░░░░░█░░░░█░░█░░█░░█░░░░░░░░░♥ ♥░░░░░░░░░░░░░█░░░░█░░█░░█░░█░░░░░░░░░♥ ♥░░░░░░░░░░░░░█░░░░░██░░░░██░░░░░░░░░░♥ ♥░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░░♥

Friday, 13 January 2012

သူသိဖို့

ကျွန်တော့် အသံကျွန်တော်ပြန်ကြားသည်
သို့သော် မကြားရ ရင်ခွန်သံမြန်နေသည်
အလွမ်းကြောင့် ဖြစ်မည်ထင်သည်
အသံမထွက်ပဲ ငိုသည် သူသိမည်မထင်
ငိုပါများတော့ရင်နာသည် ဘယ်သူမှမသိ
ကိုယ့်ကိုကိုယ်သိသည်
အိမ်မက်ကနိုးသည် ရေဆာသည်
ရေကြည်တပေါက်မျှမရှိ ကမ္ဘာလောကကြီး
လောင်မီးကြနေသည်
ရင်တခုလုံးလာင်နေမှတော့ အရာအားလုံးလောင်ပြီးသားပေါ့
နှာမွှန်သည် ဆေးမရှိ
လွမ်းသည် ဆေးမရှိ
ငါ့ကိုယ်ငါ သိသည်
ငါ့ကိုယ်ငါ မသိ
ဘာမှမသိချင်းသည် ငါသိသလိုရှိ၏
အရာအားလုံးစွန့်လွှတ်ရရင်တောင်
သူ့ကိုလွမ်းနေခွင့် ငါပိုင်သည်
အရာအားလုံးမေ့ပြီင်္း ငါ့ကိုယ်ငါမေ့တဲ့တစ်နေ့
မင်းကိုလဲငါမေ့မည် ဒါပဲငါသိသည်

Sunday, 8 January 2012

စမှုံညှင်းစေတီတော် ထီးတော်တင်ပွဲအမှတ်တရ

                                စဝင်ဝင်ခြင်း
                                  အဝေးမှဖူးမျှော်တွေ့ရသောစေတီတော်ပုံ
                                လျှောင်းတော်မူ

























                             

Monday, 2 January 2012

အမေ့အပြုံးတွေအမြဲဝေပါစေ

ထာဝရပြုံးပါ မေမေ
မေမေ့အပြုံးသားရင်မှာအေးမြလို့ပါ



ငါသေသွားသော်

ငါသေသွားသော် မသေခင်တော့
ပျော်အောင်နေစေ့ချင်တယ်လို့ 
မင်းကိုမှာခဲ့ချင်တယ် 
ငါသေသွားသော် ဘယ်သူ့မှ
မမြင်စေချင်တဲ့ငါ့ရုပ်လောင်းကို
ဘယ်လိုလုပ်ရပါ့
ငါသေသွားသော် နောင်ဘဝဆိုတာ
မရှိစေချင်တဲ့ ဆန္ဒကလဲရှိသေးတယ် 
ငါသေသွားသော် ကမ္ဘာကြီးကတော့
ငါ့ခန္ဓာကိုယ်ကို ထမ်းထားရတာ
သက်သာမှာပေါ့လေ

အမေ့သားကြီး

နို့ချိုတိုက်ကျွေး ငယ်ငယ်လေးက
ဒီနေ့ဒီရက် သားကြီးတစ်သက်
မေမေတော်တော်ပင်ပန်းခဲ့ရပြီ
အမေမျှော်မှန်းတဲ့သားကြီး
ဒီနေ့ထိ မဖြစ်သေးဘူး 
ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်
သွားလာလိုက်တာ ဘဝခရီးလဲ
တော်တော်ပေါက်ခဲ့ပြီ 
ခုထိ ယောနိသောမနသီကာရ
အတွေးနဲ့ကို မရသေးဘူး 
ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ
အဲစကားနားရောက် ကြောက်ခဲ့ရတဲ့နေ့လဲရှိ
တရွာမပြောင်း သူကောင်းမဖြစ် 
အဲစကားနားရောက် ပြောင်းခဲ့ရတဲ့နေ့လဲရှိ
ခုထိတော့ဘာမှမရေရာသေးဘူး
ဒီလိုနဲ့ပဲ ငါ့မြင်းငါစိုင်းနေမိ

 
Previous Post Back to Top